International News

တရုတ်နိုင်ငံသည် အမေရိကန်ပြည်ထောင်စုမှ တင်သွင်းလျက်ရှိသည့် ပဲပိစပ်နှင့်ဝက်သား သွင်း ကုန်များအပေါ် အခွန်ကောက်ခံမှုမှ ကင်းလွှတ်ခွင့်ပြုရန် ဆောင်ရွက်လျက်ရှိခြင်း

Last Updated:

    တရုတ်နိုင်ငံသည် ပြည်တွင်းလုပ်ငန်းရှင်များ၏ တောင်းဆိုချက်အရ အမေရိကန်ပြည်ထောင်စုမှ တင်သွင်းလျက်ရှိ သည့် ပဲပိစပ်နှင့် သက်သားသွင်းကုန်များအပေါ် အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့်ရရှိရန် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းသည် တရုတ်နိုင်ငံ၏ ပြည်တွင်းလိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်ခြင်း သာဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ပြည်တွင်း လိုအပ်ချက်အပေါ် ဖြည့်ဆည်းနိုင်ရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင် ပြည်တွင်းစျေးကွက်၌ ပဲပိစပ်ပြတ်လတ်မှု၊ အာဖရိကဝတ်တုတ်ကွေးရောဂါကြောင့် ဝက်သားရောင်း လိုအား ကျဆင်းမှုတို့ကြောင့် အမေရိကန်နိုင်ငံမှ ပဲပိစပ်နှင့် ဝက်သားသွင်းကုန်များအပေါ် အခွန်ကောက်ခံမှုမှ ကင်းလွတ်ခွင့် ရရှိရေးနှင့်ပတ်သက်၍ စီစဉ်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ပဲပိစပ် တန်ချိန် ၁၁၀ သန်းခန့်အား နှစ်စဉ်စားသုံးပြီးသုံးစွဲမှု၏ ၈၀ ရာခိုင်နှုန်းသည် ပြည်ပနိုင်ငံများမှ တင်သွင်းခြင်းဖြစ်ကြောင်း၊ ၂၀၁၈ ခုနှစ်၊ တရုတ်နိုင်ငံသည် ပြည်ပနိုင်ငံများမှ ပဲပိစပ်တန်ချိန် ၈၈ သန်းသာ တင်သွင်းခဲ့ကြောင်း၊ အဆိုပါပမာဏသည် ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၇.၉ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး ၇ နှစ်တာကာလအတွင်း တင်သွင်းမှုအနည်းဆုံး ဖြစ်ခဲ့ကြောင်း၊ ၂၀၁၉ ခုနှစ်၊ ပထမ ၁၀ လအတွင်း ပဲပိစပ်သွင်းကုန်တန်ချိန်၊ ၇၀.၆၉ သန်းသာ ရှိခဲ့သဖြင့် ပြီးခဲ့သည့်နှစ် ကာလတူနှင့် နှိုင်းယှဉ်ပါက ၈.၁ ရာခိုင်နှုန်းကျဆင်းခဲ့သည်ဟု တရုတ်နိုင်ငံ၊ အကောက်ခွန်အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့မှ တရားဝင်ထုတ်ပြန်သည့် စာရင်းများတွင် ဖော်ပြထားကြောင်း၊ တရုတ်နိုင်ငံသည် ပဲပိစပ်များကို ဘရာဇီး၊ အမေရိကန် နှင့် အာဂျင်တီးနားနိုင်ငံတို့မှ အဓိက တင်သွင်းလျက်ရှိကြောင်း၊ ထုတ်လုပ်မှုတိုးတက်ပြီး စျေးနှုန်းအရ အားသာမှုရှိသည့် ဘရားဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ ပဲပိစပ်စုစုပေါင်းတင်သွင်းမှု၏ ၇၅ ရာခိုင်နှုန်းတင်သွင်းနိုင်ခဲ့ကြောင်း၊ အမေရိကန်နိုင်ငံမှ တင်ပို့မှုသည် တရုတ်နိုင်ငံ၏ ပဲပိစပ်တင်သွင်းမှု၏ ၁၉ ရာခိုင်နှုန်းသာ ပါဝင်ကြောင်း၊ တရုတ်နိုင်ငံ အနေဖြင့် စျေးကွက်ဆိုင်ရာ စည်းကမ်းချက်များနှင့် အမှန်တကယ် လိုအပ်ချက်များအပေါ်မူတည်၍ အမေရိကန် ပြည်ထောင်စုမှ ပဲပိစပ်များ ပိုမိုဝယ်ယူရန် ကြိုးစားလျက်ရှိကြောင်း၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလအထိ တရုတ်နိုင်ငံ အနေဖြင့် အမေရိကန်ပြည်ထောင်စုမှ ပဲပိစပ်တန်ချိန် ၂၀ သန်းအထိ ဝယ်ယူပြီး ဖြစ်ကြောင်း၊ သို့ရာတွင် အမေရိကန် သမ္မတမ နှစ်နိုင်ငံအကြား ပထမအဆင့် သဘောတူညီမှုရရှိစေရန်အတွက် တရုတ်နိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ် ကုန်သွယ်မှု၏ နှစ်ဆဖြစ်သည့် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံမှ ၅၀ ဘီလီယံတန်ဖိုးရှိ လယ်ယာထွက်ပစ္စည်းများ ဝယ်ယူပေးရန် ကမ်းလှမ်းခဲ့ကြောင်း၊ အမေရိကန်လယ်သမားများသည် ၂၀၂၀ ပြည်နှစ်၌  ကျင်းပမည့် ရွေးကောက်ပွဲ အတွက် အဓိကအခရာများဖြစ်ကြောင်း၊ အမေရိကန်ပြည်ထောင်စုနှင့် ဖြစ်ပွားလျက်ရှိသည့် ကုန်သွယ်မှုစစ်ပွဲ ရှည်ကြာလာသည်နှင့်အမျှ တရုတ်နိုင်ငံအနေဖြင့် တင်သွင်းသည့် စျေးကွက်ခဲ့ထွင်ခြင်း၊ ပြည်တွင်း ထုတ်လုပ်မှု တိုးချဲ့ခြင်းတို့ကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဘရာဇီးနိုင်ငံမှ လယ်သမားများအနေဖြင့် တရုတ်နှင့် အမေရိကန် တို့အကြား ကုန်သွယ်ရေးသဘောတူညီချက်ကြောင့် ၎င်းတို့အနေဖြင့် တရုတ်နိုင်ငံသို့ တင်ပို့လျှက်ရှိသည့် ပဲပိစပ် စျေးကွက်ပျောက်ဆုံးသွားမည်ကို စိုးရိမ်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံသည် ပြည်တွင်းလိုအပ်ချက်ဖြစ်သည့် ပဲပိစပ် စိုက်ပျိုးထုတ်လုပ်မှုများကို တိုးချဲ့ဆောင်ရွက် လျက်ရှိရာ ၂၀၁၉ ခုနှစ်တွင် ပဲပိစပ်စိုက်ပျိုးမြေ ဧရိယာသည် ဟတ်တာ ၉.၃ သန်းရှိလာပြီဖြစ်ပါသည့် အတွက် ၂၀၁၈ ခုနှစ်နှင့် နှိုင်းယှဉ်ပါက ၁၀.၉ ရာခိုင်နှုန်း မြင့်တက်ခဲ့သည့်ဟု တရုတ်နိုင်ငံ၊ Beijing Orient Agribusiness Consultancy ကုမ္ပဏီမှ စီးပွားရေးကျွမ်းကျင်ပညာရှင်  Ma Wenfeng က ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

 

(မြန်မာစီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News